Wednesday, October 17, 2012

ဗုဒ္ဓဘာသာတိုင်းသိသင့်သောဇောခုနစ်ချက်အကျိုးပြုပုံ



ကုသိုလ်၊အကုသိုလ်တစ်ခုခုပြုတိုင်းပြုတိုင်းဇောစိတ်ခုနစ်မျိုးအမြဲတမ်းဖြစ်သည်။ထိုဇောခုနစ်မျိုးတွင်ပထမဇောစေတနာကယခုဘ၀တွင်အကျိုးပေးသည်။ပထမဇောကယခုဘ၀မှာအကျိုးပေးခွင့်မကြုံလျှင်သတ္တမဇောကဒုတိယတဘ၀တွင်အကျိုးပေးသည်။

ကုသိုလ်

ကုသိုလ်
ကုသိုလ်သည်သာ
အားထားရာ မှန်စွာဖြစ်တော့သည်။
ကုသိုလ်ပြုမှ ချမ်းသာရ မုချနိဗ္ဗာန်တိုင်တော့သည်။

Tuesday, October 16, 2012

တရား

ငနပနတမဆနမ
ဒီနေရာမှာနှိပ်ပါ

 here
မေလ

"ကောင်းစွာ ဆောက်တည်အပ်သော အရာ"

" နတ်ချမ်းသာ၊ ဈာန်သမာပတ် ချမ်းသာ၊
နိဗ္ဗာန်ချမ်းသာကို
မိခင်သည်လည်း မပေးနိုင်၊
ဖခင်သည်လည်း မပေးနိုင်၊
ဆွေမျိုးတို့သည်လည်း မပေးနိုင်၊

ကောင်းစွာစောင့်ရှောက် ဆောက်တည်အပ်သော
စိတ်သည်သာလျှင်
မိဘဆွေမျိုးထက် ပိုလွန်၍
လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော
ချမ်းသာကို ပေးနိုင်၏။ "

- မြတ်ဗုဒ္ဓ

အပြစ်ရှိသော သရဏဂုံပျက်ခြင်းနှင့် အပြစ်မရှိသော သရဏဂုံပျက်ခြင်း

လောကုတ္တရာသရဏဂုံနှင့် လောကီသရဏဂုံနှစ်ပါးတို့တွင် လောကုတ္တရာသရဏဂုံမှာ မည်သည့်အခါမျှ ပျက်သည်ဟူ၍မရှိပေ။ အကြောင်းမှာ လောကုတ္တရာ သရဏဂုံတည်ပြီးသော အရိယာပုဂ္ဂိုလ်သည် တမလွန်လောက ဟိုဘက်ဘဝ၌သော်လည်းကောင်း၊ ရတနာသုံးပါးမှတစ်ပါး အခြား တစ်ဦးတစ်ယောက်ကိုမျှ ဆရာဟူ၍ မသတ်မှတ် မညွှန်ပြတော့သောကြောင့် ဖြစ်သည်။
ပုထုဇဉ်သန္တာန်၌ဖြစ်သည့် လောကီသရဏဂုံမှာသာ ပျက်စီးခြင်း၊ရှိသည်။ ထိုပျက်စီးခြင်းမှာ(၁) ရတနာသုံးပါးမှ တစ်ပါး အခြားသော တိတ္တိဆရာ စသည်တို့အား ရှေ့တွင်ပြခဲ့သည့် နည်းလေးမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် ဆည်းကပ်ကိုးကွယ်ခြင်း၊(၂)။ခန္ဓာပျက်ကြွေ စုတေကွယ်လွန်သွားခြင်းဟု နှစ်မျိုးရှိ၏။ ထိုတွင် ဗုဒ္ဓဘာသာမှ အခြားဘာသာအယူသို့ ပြောင်းသွား၍ ပျက်ခြင်းမှာ တဏှာဒိဋ္ဌိစသော အကုသိုလ်တရားတို့ ဖြစ်ပွား၍ မကောင်းကျိုးကို ပေးသောကြောင့် အပြစ်ရှိသော ပျက်စီးခြင်းဖြစ်သည်။ စုတေကွယ်လွန်၍ ပျက်ခြင်းမှာ ပျက်ရုံသာဖြစ်၍ အကုသိုလ် တစ်စုံတစ်ရာမဖြစ်သောကြောင့် အပြစ်မရှိသော ပျက်စီးခြင်းမျိုးဖြစ်သည်။
ယနေ့ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ဆောက်တည်ထားကြသော သရဏဂုံသည် လောကီသရဏဂုံဖြစ်သည်။ ထိုသရဏဂုံသည် သိက္ခာပုဒ်ကို ဆောက်တည်သကဲ့သို့ ကာလအပိုင်းအခြားကို မပြုမူ၍ ဆောက်တည် ထားရကား အသက်ပျက်ဆုံးမှ သရဏဂုံဆုံးလေ ပျက်လေတော့၏။ ထိုပျက်ခြင်းကား တဏှာဒိဋ္ဌိစသော အကုသိုလ်တရားများ မပါရှိ၍ အပြစ်မရှိသော ပျက်စီးခြင်းသာ ဖြစ်လေသည်။
ဆောင်ပုဒ်လင်္ကာများ
(၁)။ အယူပြောင်းသွား၊ သေလွန်ငြား၊ ပျက်ပြား သရဏဂုံ။
(၂)။ အယူပြောင်းမူ၊ ပြစ်ရှိသူ၊ သေသူပြစ်ကင်းတုံး။
မှတ်ချက်။ ။ ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)၏ ဗုဒ္ဓဘာသာဂုဏ်ရည် စာအုပ်မှ ကောက်နှုတ်ချက်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com/

Monday, October 15, 2012

ဗုဒ္ဓ၏ဆုံးမနည်း

ဗုဒ္ဓသည် အိန္ဒိယပြည် မဇ္ဈိမဒေသ၌ ၄၅ နှစ်တိုင်တိုင် တရားဟောပြောခဲ့ရာ အထူးအောင်မြင်ကြောင်း ယုံမှားဖွယ်မရှိချေ။ ဗြာဟ္မာဏ၊ မင်းမှုးမတ်၊ သူဌေးသူကြွယ် မှစ၍ ဆတ္တာသည်၊ ဆင်းရဲသား၊ အလုပ်သမားအထိ လူတန်းစားအမျိုးမျိုးသည် ဗုဒ္ဓတရားကို နှစ်သက်ကြ၏။ ဗုဒ္ဓ၏ တရားကို တစ်ကြိမ်ကြားနာကာမျှဖြင်. ဗုဒ္ဓ၏ တပည်.အဖြစ်ခံယူသောသူတို.မှာ မနည်းလှချေ။

ဗုဒ္ဓအမှာ

" အကြင်သူသည် မြတ်ဗုဒ္ဓကိုလည်းကောင်း၊
တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကို
လည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသို့
ဆည်းကပ်သူသည် -
- ဆင်းရဲအမှန် ( ဒုက္ခသစ္စာ)၊
- ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
- ဆင်းရဲငြိမ်းရာအမှန်နိဗ္ဗာန်( နိရောဓသစ္စာ)
- ဆင်းရဲငြိမ်းခြင်း(နိဗ္ဗာန်)သို့ရောက်ကြောင်းအမှန်
(မဂ္ဂသစ္စာ)ဟူသော အရိယသစ္စာ လေးပါးတို့ကို မဂ်ပညာဖြင့်
ကောင်းစွာသိမြင်နိုင်၏။ "

ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။

ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယံ အဋ္ဌင်္ဂတံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

- ဗုဒ္ဓ ( ဓမ္မပဒ ဂါထာ ၁၉၀-၁၉၁)

ဓမ္မအတွက် တိုက်ပွဲ

“ ဓမ္မအတွက် တိုက်ပွဲဝင်ပါ "
~~~~~~~~~~~~~~~

- ပညာသင်ပါ၊
- တက်တက်ကြွကြွ တောင်းဆိုပါ၊
- စည်းလုံးပါ၊
- မိမိကိုယ်ကိုယ် ယုံကြည်ပါ၊
- ငါတို့ဘက်မှာ တရားမျှတမှုဆိုတာ ရှိနေရင်
ရှုံးနိမ့်မယ့်တိုက်ပွဲဆိုတာကို ငါ မမြင်ဘူး၊
- (တရားမျှတမှုဆိုတာ ရှိနေတော့)
တိုက်ပွဲဆိုတာ ငါ့အတွက် ပျော်စရာ၊
- (တရားမျှတမှု) တိုက်ပွဲထဲမှာ
ငါ့စိတ်ငါ့နှလုံးသားဟာ စူးစိုက်နစ်မြုပ်လို့။
ဒီတိုက်ပွဲဟာ -
- စည်းစိမ်အတွက်လည်း မဟုတ်ပေဘူး၊
- အာဏာအတွက်လည်း မဟုတ်ဘူး၊
(တရားမျှတ) လွတ်လပ်ခြင်းအတွက်သက်သက်ရယ်ပါ။
- လူသားရဲ့ ပင်ကိုယ်အရည်အသွေးကို
ပြန်လည်ရယူဖို့ အတွက်ပဲ။ "

- ဒေါက်တာအမ်ဘေဒကာ( ဗုဒ္ဓမြတ်စွာ၏ ဥပသကာ )

မြတ်ဗုဒ္ဓဧ။်တရားတော်

" ကုသိုလ်ကောင်းမှု၌ မမေ့လျော့ခြင်းကြောင့်
သိကြားမင်းသည် နတ်တကာတို့ထက် မြတ်သော
အကြီးအမှူး အဖြစ်သို့ရောက်၏။
ကုသိုလ်ကောင်းမှု၌ မမေ့လျော့သော
သတိတရားကို ပညာရှိတို့ ချီးမွမ်းကုန်၏။
ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို
ပညာရှိတို့ အမြဲကဲ့ရဲ့ ကုန်၏။ "

~~ မြတ်ဗုဒ္ဓ ~~

အမြင့်မြတ်ဆုံးပုဂ္ဂိုလ်

" နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။ "

" မမေ၀ ဗုဒ္ဓေါ၊ မမေ၀ ဓမ္မော၊ မမေ၀ သံဃော၊
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ"။
- (ဓမ္မပဒ - အဌ၊ ပ၊ ၆၄)

" ငါ၏ သာလျှင် ဘုရား၊
ငါ၏ သာလျှင် တရား၊
ငါ၏ သာလျှင် သံဃာ ၊
ပူဇော်အထူးကို ခံယူတော် မူထိုက်သော
တရားအလုံးစုံကို အကုန်အစင် ကိုယ်ပိုင်
ဥာဏ်ဖြင့် အမှန်အတိုင်း သိမြင်တော် မူထသော
ထိုမြတ်စွာ ဘုရားအား ရှိခိုးပါ၏ အရှင်ဘုရား"

နိဗ

Saturday, October 13, 2012

“ဗုဒ္ဓ ၏ အံ့သြဖွယ် မိန့်ခွန်းတော်”

ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာအယူဝါဒထူထောင်ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊
မပြုလုပ်နိုင်သော“ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်”ကို ရဲဝံ့ပြတ်သားစွာဟောကြားခဲ့ ပါသည်။

အိန္ဒိယနိုင်ငံ၊ကောသလတိုင်း၊ကေသမုတ္တိရွာသား၊ကာလာမလူမျိုးတို့ကိုဟောကြားသော“ကာလာမသုတ္တန်”သည်

“အမှန်တရားကိုရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏လက်ဆောင်လမ်းညွှန်ချက်”တရားတို့ပင်ဖြစ်သည်။

Thursday, October 11, 2012

"အမွန်မြတ်ဆုံးသော ၀ါဒ နှင့် သာသနာပြုဘုရင်၏အဆုံးအမ"


မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီ
နှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီး
အသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီး
အသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထားကြီးခြင်း၊
ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ
ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ်သည်။

"ကောင်းမြတ်သော မင်္ဂလာ"

- မကောင်းမှုမှ
* စိတ်ဖြင့် ရှောင်ကြဉ်ခြင်း( အာရတီ)၊
* ကိုယ်နှုတ်တို့ဖြင့် ရှောင်ကြဉ်ခြင်း ( ၀ီရတီ)၊
- အရက်သေစာ(မူးယစ်ဆေးဝါး) သောက်စား
သုံးစွဲခြင်းမှ စောင့်စည်းခြင်း တစ်ပါး၊
- ကောင်းမှုကုသိုလ်တို့၌ မမေ့ခြင်းတစ်ပါး ။
ဤသုံးပါးသည် ကောင်းမြတ်သော မင်္ဂလာဖြစ်၏။

" အာရတီ ၀ိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော၊
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။ "

~ ဗုဒ္ဓ ~

"တရား၌ မွေ့လျော်ခြင်း"


" တရားအရသာသည်
အရသာအားလုံးကို အောင်နိုင်၏။

- တရား၌ မွေ့လျော်ခြင်းသည်
မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏။

- တဏှာကုန်ရာ အရဟတ္တဖိုလ်သည်
အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။ "

~ မြတ်ဗုဒ္ဓ ~

ပါရမီဆယ်ပါး

               ဘုရားဖြစ်အောင် ဘုရားဆုတောင်းတဲ့လူတွေ လုပ်ရတဲ့ လုပ်ငန်းကြီးတွေဟာ ဆယ်ခုရှိပါတယ်။ အဲ့ဒီလုပ်ငန်းကြီးတွေကို ပါဠိလို ပါရမီလို့ခေါ်တယ်။ ပါရမီဆိုတာဟာဘုရားဖြစ်အောင်လုပ်ရတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပါရမီဆယ်ပါးကတော့-
(၁) မိမိရဲ့ ပစ္စည်းဥစ္စာ၊သားသမီး၊ မယားမှ စပြီး မိမိအသက်အထိ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခြင်း
      ဆိုတဲ့ ဒါနပါရမီ။

(၂) ကိုယ်နှင့် နှုတ်ကို အမှားမလုပ်မိ၊မပြောမိအောင် အထူးစောင့်ထိန်းခြင်းဆိုတဲ့ သီလပါရမီ။

(၃) ကာမဂုဏ်တွေကို စွန့်လွှတ်ခြင်းဆိုတဲ့ နိက္ခမပါရမီ။

(၄) သတ္တ၀ါတွေ ချမ်းသာစေနိုင်တဲ့ ပညာရပ်များကို ဆည်းပူးပြီး သတ္တ၀ါတွေချမ်းသာအောင်

       ပြုလုပ်ပေးခြင်းဆိုတဲ့ ပညာပါရမီ။

(၅) သတ္တ၀ါတွေချမ်းသာရေးအတွက် အလွန်အမင်း အပြင်းအထန်ကြိုးစား အားထုတ်ခြင်းဆိုတဲ့ ၀ီရိယပါရမီ။

(၆) နေရာတကာတိုင်းတွင် အထူးသည်းခံခြင်းဆိုတဲ့ ခန္တီပါရမီ။

(၇) အသက်ပင် သေရစေကာမူ ပဓာနမပြုဘဲ၊ ပေးထားတဲ့ ကတိတို့ကို တည်စေခြင်းဆိုတဲ့ သစ္စာပါရမီ၊

(၈) ကိစ္စတစ်ခုကို ဆောင်ရွက်မည်ဟု အဓိဌာန်ပြုပြီးသည့်အခါ အသက်သေရစေကာမူ ပဓာနမထားဘဲ
      ဆောင်ရွက်ခြင်းဆိုတဲ့ အဓိဌာန်ပါရမီ။

(၉) အယုတ်၊အလတ်၊အမြတ်မရွေးဘဲ သတ္တ၀ါအားလုံးအပေါ်မှာချစ်ကြည်သော စိတ်ကိုထားရှိခြင်းဆိုတဲ့  
      မေတ္တာပါရမီ။

(၁၀) မိမိအလိုဆန္ဒပြည့်ဝသည့် အခါများ၌လည်းကောင်း၊ မပြည့်ဝသည့်အခါများ၌လည်းကောင်း ၊စိတ်တက်
         ကြွခြင်း၊စိတ်နိမ့်ကျခြင်းမရှိရအောင် မိမိကိုယ်ကိုမိမိထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ဥပေက္ခာပါရမီ
         ဆိုတဲ့ ပါရမီဆယ်ပါးပင် ဖြစ်ပါတယ်။

Wednesday, October 10, 2012

ထေရ၀ါဒ ဆိုသည်မှာ

ထေရ၀ါဒ၏ အဓိပ္ပာယ်ကို ဗုဒ္ဓဒေသနာတော်ဝေါဟာရအဘိဓာန်ကျမ်း စာမျက်နှာ ၂၇၄-၌-  
မထေရ် အဆက်ဆက်တို့ မပျောက်မပျက်ရအောင် ဆောင်ထားအပ်သော ထိန်းသိမ်းအပ်သော
ဘုရားစကားတော် အယူစကားစဉ် အရှင်မဟာကဿပ အစရှိသော မထေရ်အဆက်ဆက်တို့
မူရင်းမပျက် သံဂါယနာတင်လျက် ထိန်းသိမ်း စောင့်ရှောက်ထားအပ်သော ဘုရားစကားပါဠိတော်အတိုင်း
ကျင့်ကြံနေထိုင်သော အယူဝါဒကို ထေရ၀ါဒ ဟု ခေါ်သည် - ဟူ၍ ဖွင့်ပြထားသည်။

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက(BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊
မိုဟာမက်ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓကမိုဟာမက်ထက်လဲ
နှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့
ဗုဒ္ဓရဲ.စွယ်တော်(သွား)ရဲ. သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃)နှစ်ရှိနေပါပြီ

မမေ့အပ်သောဗုဒ္ဓသြ၀ါဒ

  • အားကိုးရာအစစ်ကား ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ၊ဓမ္မ၊သံဃ
  • မိတ်ဆွေအစစ်ကား ကံ၊ဥာဏ်၊၀ီရိယ
  • ရန်သူအစစ်ကား လောဘ၊ဒေါသ၊မောဟ
  • နေစဉ်အလုပ်ကား ဒါန၊သီလ၊ဘာဝနာ
  • အမြဲနှလုံးသွင်းရန်အစစ်ကား အနိစ္စ၊ဒုက္ခ၊အနတ္တ
  • အမြဲလက်ကိုင်ထားရန်အစစ်ကား ခန္တီး၊မေတ္တာ၊သစ္စာ

Monday, October 8, 2012

သရဏဂုံဖြင့်ဘေးရန်လုံသူ

                 
အနောက်တိုင်းမှ အင်္ဂလိပ်လူမျိုးသမိုင်းဆရာ ဂျီအီးဟာဘေးကိုယ်တိုင် မှတ်တမ်းတင်ခဲ့ရသော မွန်အလှမယ်တလထော်ခေါ် ဘဒြာဒေ၀ီ၏ ဖြစ်ရပ်ကိုတင်ပြပါမည်။ မွန်တို့ဌာနီဟံသာဝတီတွင် နန်းစိုးစံနေသည်ကဗ္ဒု္ဒဒ္ဒဘာသာဝင်တိဿမင်း၊အနီးကပ်ခစားနေကြသောအမတ်အများစုက ဗြဟ္မဏဘာသာဝင်များ။ တစ်နေ့တွင်ဗြဟ္မဘာသာဝင်အမတ်တို့၏ဖြားယောင်းမှုကြောင့် မိရိုးဖလာဗုဒ္ဒဘာသာဝင်အဆင့်သာရှိသော တိဿဘုရင်သည် မိမိကိုးကွယ်သောဘာသာကိုစွန့်လွှတ်၍ ဗြဟ္မဏအယူကိုယူလိုက်တော့သည်။

Sunday, October 7, 2012

ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ



  • ရတနာသုံးပါး
၁။ ဘုရား
၂။ တရား
၃။ သံဃာ

"အနှိုင်းမဲ့ အလှူ"

လောကမှာ ရှိရှိသမျှ အလှူအားလုံးထဲမှာ တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားအလှူထက် ပိုပြီး အလှူခံပုဂ္ဂိုလ်ကို ကောင်းကျိုးပြု ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ တခြားအလှူ မရှိတော့လို့ပါပဲ။
တရားအလှူနဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့ တခြားအလှူ လောကမှာ မရှိတော့တဲ့အတွက် တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်ရပါတယ်။
လောကမှာ ပစ္စည်းလှူခြင်းနဲ့ တရားလှူခြင်းဆိုပြီးတော့ လှူခြင်းနှစ်မျိုး ရှိပါတယ်။ ပစ္စည်းပေးလိုက်လို့ ပစ္စည်းရသွားတဲ့သူဟာ အဲဒီပစ္စည်းကို အသုံးပြုပြီး အိုနာသေရေး ဒုက္ခဘေးကနေ မလွတ်မြောက်နိုင်တဲ့အတွက် ပစ္စည်းပေးခြင်း၊ ပစ္စည်းအလှူဟာ အကောင်းဆုံးပေးခြင်း၊ အကောင်းဆုံးအလှူ မဟုတ်ပါဘူး။ တရားပေးလိုက်လို့ တရားရသွားတဲ့သူကတော့ အဲဒီတရားအတိုင်း လိုက်နာကျင့်ကြံပြီး အိုနာသေရေးဒုက္ခဘေးကနေ လွတ်မြောက်သွားနိုင်တဲ့အတွက် တရားလှူခြင်းဟာ အကောင်းဆုံးလှူခြင်း ဖြစ်ပါတယ်။
အလှူခံပုဂ္ဂိုလ်ကို ခန`ဓာဆိုတဲ့ အနှိုင်းမဲ့ ဆင်းရဲကနေ အပြီးတိုင် လွတ်မြောက်စေနိုင်ပြီး နိဗာ`ဗဆိုတဲ့ အနှိုင်းမဲ့ ချမ်းသာမှာ ထာဝရ မွေ့လျော်ခွင့် ပေးနိုင်တဲ့အတွက်ကြောင့် တရားအလှူဟာ အနှိုင်းမဲ့အလှူ ဖြစ်ရပါတယ်။
ဘ၀ချမ်းသာရေးအတွက်ရော၊ ဘ၀လွတ်မြောက်ရေးအတွက်ပါ တရားအလှူဆိုတဲ့ အသိတရားပေးဝေမှုဟာ မရှိမဖြစ် လိုအပ်တာမို့ တရားအလှူထက် ပိုမြတ်ပါတယ်လို့ နှိုင်းယှဉ်ချိန်ထိုးစရာ တခြားအလှူ မရှိတော့တဲ့အတွက် တရားအလှူဟာ အနှိုင်းမဲ့ အလှူ ဖြစ်ရပါတယ်။
တရားအလှူကို မည်သူမဆို ပေးလှူခွင့်ရှိပါတယ်။ ကိုယ့်ရင်ထဲမှာ တရားရှိရှိ၊ မရှိရှိ၊ ကိုယ်ပေးလှူတဲ့တရားက နည်းလမ်းမှန်ကန်တဲ့တရား ဖြစ်မယ်ဆိုရင် အလှူခံသူမှာ ကျင့်ရင်ကျင့်သလောက် ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းနိုင်ပါတယ်။ တရားမှန်ဖို့ အဓိကပါ။
ဒါပေမဲ့ ကိုယ်ပေးလှူတဲ့တရားက ကိုယ်ကိုယ်တိုင်ကျင့်သုံးအားထုတ်ထားပြီးလို့ ကိုယ့်သန္တာန်မှာ အမှန်တကယ် ပြည့်စုံနေတဲ့တရား ဖြစ်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။ အကျိုးရလဒ်အနေနဲ့ မပြည့်စုံသေးတောင် အကြောင်းလုပ်ရပ်အနေနဲ့ အထိုက်အလျောက် ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ ကိုယ်ကိုယ်တိုင် အတတ်နိုင်ဆုံး ကျင့်သုံးနေတဲ့ တရားကို ပေးလှူမှ အဲဒီတရားအလှူဟာ ဗုဒ`ဓအလိုတော်ကျ တရားအလှူ ဖြစ်မှာပါ။
အရှင်ဆန္ဒာဓိက-အနှိုင်းမဲ့အလှူ စာအုပ်မှ ကူးယူဖော်ပြပါသည်။

" ရာဟုလာ သို့ ဆုံးမစကား "


ချစ်သား ရာဟုလာ -
အလုပ်တစ်ခု လုပ်တော့မည်ဆိုလျှင်၊

- မလုပ်ခင်ကပင် စဉ်းစားပါ။
မိမိလုပ်မည့်အလုပ်သည်၊ မိမိ, သူတစ်ပါး၊
ထိခိုက်နိုင်မလား။ ထိခိုက်နိုင်မည် ဆိုပါက
မလုပ်ပါနှင့်။

- လုပ်ဆဲတွင်လည်း စဉ်းစားပါ။ မိမိ,
သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မည် ဆိုပါက မလုပ်ပါနှင့်။

- လုပ်ပြီးပြန်လျှင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်သည် ဆိုပါက မလုပ်ပါနှင့်တော့။

ချစ်သား ရာဟုလာ -
အပြောတစ်ခု ပြောတော့မည်ဆိုလျှင်လည်း၊

- မပြောခင်ကပင် စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မည် ဆိုပါက မပြောပါနှင့်။

- ပြောဆဲတွင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။

- ပြောပြီးပြန်လျှင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်သည် ဆိုပါက မပြောပါနှင့်တော့။

ချစ်သား ရာဟုလာ -
အတွေးတစ်ခု တွေးတော့မည်ဆိုလျှင်လည်း၊
- မတွေးမီကပင် စဉ်းစားပါ။
- တွေးဆဲမှာလည်း စဉ်းစားပါ၊
- တွေးပြီးပြန်လျှင်လည်း စဉ်းစားပါ။
မိမိ, သူတစ်ပါး၊ ထိခိုက်နိုင်မလား။
ထိခိုက်နိုင်သည် ဆိုပါက မတွေးပါနှင့်တော့။

- ( ဗုဒ္ဓ )

ဘုရားအလောင်းတော်၏ မွေးဖွားချိန် နှင့် ဖွားဖက်တော် ၇ဦး

ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည် မှစုတေခဲ့ပြီး သုဒေါဓနမင်းကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မဟာမာယာဒေ၀ီမိဖု၇ားကြီး၏ ၀မ်းတွင်း၌ ၀ါဆိုလပြည့်နေ့ ကြာသပတေးနေ့ သက္ကရာဇ် ၆၇ ခုနှစ် (ဘီစီ ၆၂၄) တွင် ပဋိတည်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၆၈၇ခုနှစ် ကဆုန်လပြည့်နေ့ သောကြာနေတွင် လုဗိနီဥယျာဉ်အင်ကြင်းတော၌ မွေးဖွားခဲ့သည်။ အမည် ခေါ်တွင် အရာခပ်သိမ်းကို ပြီးငြိမ်းစေတတ်ခြင်းမည်သည့် ' သိဒ္ဓတ္ထကုမာရ'မည်၏။အိမ်တွင်ခေါ်တာက 'ဂေါတမ'မည်၏။
အင်ကြင်းဥယျာဉ်ဟာ ယခု ဒေ၀ဒဟပြည်နှင့်ကပိလ၀တ်ပြည် အကြား အိန္ဒိယနယ်ပယ်လက်ရှိ နီပေါနိုင်ငံတွင်တည်ရှိသည်။
ဘုရားအလောင်းတော်ဟာ မွေးဖွားပြီး သည့်နောက်ရဲရင့်သော စကားကြီး (၃)ခွန်းကို ခြေတော် ၇ လှမ်းလှမ်းပြီး ကြုံးဝါးခဲ့တာက
.ငါသည်လောကတွင် အမြတ်ဆုံးဖြစ်၏။
.ငါသည် လောကတွင် အကြီးအကဲဖြစ်၏။
.ငါသည် လောကတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။
အဲလိုစကားကြီး ၃ ခွန်းကိုပြောဖို့ခြေလှမ်းတွေလှမ်းတိုင်းမှာ အင်ကြင်းပန်းတွေ တစ်ပွင့်စီပွင့်လျက်ရှိသည်။

ဘုရားလောင်းနဲ့အတူဖွားဖက်တော် ၇ ဦး တွေက 
၁။ဒေ၀ဒဟပြည်ကို အစိုးရသောမင်းကြီး၏ သမီးတော် ဘဒ္ဒကစ္စာဖွားမြင်သည်။
၂။မင်းကြီး၏ညီတော် အမိတောဒနတွင်သားတော် အာနဒ္ဒာ ဖွားမြင်သည်။
၃။ မဟာဗောဓိပင်ကားမဇ္ဈိမ ဒေသ ဥရုဝေလတောတွင် ဗဟိုအချက်အချာအရပ်၌ ပေါက်ခဲံသည်။
၎။ရွှေအိုးကြီးလေးအိုးတို့သည် ကပိလ၀တ်နေပြည်တော် ရွှေနန်းတော် အလယ်ပရ၀ဏ်အတွင်း၌ ပေါ်ပေါက်ခဲ့သည် ။
၅။ ဆန္ဒ အမတ် 
၆။ကာဠ ဒါယီ အမတ် 
၇။ကဏ္ဍကမြင်းတော် 

သရဏဂုံ အကျိုး

"ဘေးအမျိုးမျိုးကို၊ ကြောက်လန့်မှုအမျိုးမျိုးကို၊ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ
အမျိုးမျိုးကို၊ အပါယ်လေးပါးဘေးကို၊ စိတ်ညစ်ညူးခြင်းကို
ပယ်ဖျောက်ပေးတတ်သောကြောင့် သရဏဂုံမည်၏" ဟူ၍ မူလ ပဏာ`ဏ သ အဋ္ဌကထာ အရ
သိမှတ်ရပါသည်။ ဤဖွင့်ဆိုချက်အရ သရဏဂုံတည်သူ တစ်ယောက်အနေဖြင့်
ယခုပစ္စက္ခဘ၀ရော၊ နောင်သံသရာအတွက်ပါ ဘာတစ်ခုမျှ ပူပန်စရာ မရှိတော့ပါ။
တခြားအားကိုးစရာလည်း ရှာရန် မလိုအပ်တော့ပါ။ သို့သော် ယခုခေတ် ဗုဒ`ဓ
ဘာသာအများစုမှာ ဘုရား၊ တရား၊ သံဃာ မှတစ်ပါး တခြားအားကိုးစရာများ
အပြိုင်အဆိုင် ရှာဖွေကိုးကွယ်နေကြသည်ကို ၀မ်းနည်းဖွယ်ရာ
မြင်တွေ့နေရပါသည်။ ရတနာသုံးပါးမှတစ်ပါး အခြားအားကိုးရာကို
ရှာဖွေပြီဆိုသည်နှင့် တပြိုင်နက် ထိုသူအတွက် သရဏဂုံပျက်ရန် နီးစပ်ပါသည်။
ယခုခေတ် နတ်များကို ပူဇော်ပသ ရှိခိုးကြရာ၌ ဘုရားစသော ရတနာမြတ်သုံးပါးကို
ပစ်ပယ်ပြီး နတ်များကိုသာ မြတ်သောပုဂ္ဂိုလ်အဖြစ်ဖြင့် ပူဇော်ပသ
ရှိခိုးကြရာ၌ ဘုရားစသော ရတနာမြတ်သုံးပါးကို ပစ်ပယ်ပြီး နတ်များကိုသာ
မြတ်သောပုဂ္ဂိုလ် အဖြစ်ဖြင့် ပူဇော်ပသ ရှိခိုးကြလျှင် သရဏဂုံ ပျက်၏။
ဘုရားစသော ရတနာမြတ်သုံးပါးကို မပစ်ပယ်ဘဲ လောကကြီးပွါးကြောင်း အဖြစ်
ပူဇော်ပသ ရှိခိုးကြရာ ၌ကား သရဏဂုံ မပျက်နိုင်ပါ။
သရဏဂုံ တည်ခြင်းအကျိုး (၈) မျိုး ရှိပါတယ်။
၁။ ဖြစ်လေရာ ဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။
၂။ ထက်မြက်သော ဥာဏ်ပညာရှိခြင်း။
၃။ လူအများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
၎။ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
၅။ ရွှေအဆင်းနှင့်တူသော ကိုယ်ကာယရှိခြင်း။
၆။ အများနှစ်သက်ကြည်ညို မှုကို ခံရခြင်း။
၇။ မိတ်ဆွေ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ရခြင်း။
၈။ ကျော်စောထင်ရှားခြင်း။ စတဲ့ အကျိုးတွေပဲ ဖြစ်ပါတယ်။
သရဏဂုံ၌ပါသော သရဏ သဒ္ဒါသည် စဉ်းစားတွေးတောခြင်း၊ ကြံစည်အောက်မေ့ခြင်း၊
သတိရခြင်း အနက်ကို ဟောသည်။ လောက၌ စဉ်းစားတွေးတောစရာ၊ ကြံစည်အောက်မေ့စရာ၊
သတိရစရာ မဆုံးနိုင်အောင်ရှိရာတွင် သရဏဂုံ သုံးပါး သည်သာလျှင်
တကယ့်စဉ်းစားတွေးတောစရာ၊ တကယ့်ကြံစည်အောက်မေ့စရာ၊ တကယ့်ကို
အမြဲတမ်းသတိရနေရမယ့် အရာအစစ်ဖြစ်လေသည်။

ဘုရားအလောင်းတော် ဗျာဒိတ်တော် ခံယူတော်မူခြင်း

၁။ ဘုရားဖြစ်ထိုက်သောကာဘ
ဘုရားတစ်ဆူပွင့်ရန်သင့်တော်သော အချိန်ကာလသည် လူတို့၏်
သက်တမ်းတစ်သိန်းနှင့် တစ်ရာအကြားတွင် ဖြစ်ရာသည်။
၂။ဘုရားဖြစ်ထိုက်သောဒီပကျွန်း
ဒီပကျွန်းလေးကျွန်းရှိသည့် အနက်မှ ဇဗူဒီပကျွန်းလို့ ခေါ်တဲ့
တောင်ကျွန်းနေရာတွင် ပွင့်ရာကျွန်းဖြစ်သည်။
၃။ဘုရားဖြစ်ထိုက်သောအရပ်ဒေသ
ဘုရားဖြစ်ရာ တောင်ဘက်ကျွန်းတွင်ရှိသောမဇ္ဈိမ
အလယ်ဗဟိုဒေသတစ်ခုတည်းတွင်သာ ပွင့်တော်မူရာသည်။
၎။ဘုရားဖြစ်ထိုက်သောအမျိုးအနွယ်
မဇ္ဈိမဒေသတွင်ရှိသော မင်းမျိုးမင်းနွယ် တစ်ခုတည်းဒါမှမဟုတ်ရင်
ပုဏားအမျိုးအနွယ် မှ ဘုရားဖြစ်လာ၇ာသည်။
၅။မယ်တော်၏ အာယုပရိစ္ဆေဒသက်တမ်း
မယ်တော်သည် ကောင်းသောအကျင့်သီလနှင့် ပါရမီဆယ်ပါးကို
ကမ္ဘာာတစ်သိးသက်တမ်းသို့တိုင်အောင်
ဖြည့်ကျင့်ရရှိလာခဲ့သူဖြစ်ရမည်။ဘုရားအလောင်းတော်ကို
ဖွားမြင်တော်မူပြီးသည့် ၇ရက်မြောက်သောနေ့တွင်ကွယ်လွန်သွားးမည့်သူဖြစ်ရမည်

ဘုရားအလောင်းတော် ဗျာဒိတ်တော် ခံယူတော်မူခြင်း

မြတ်စွာဘုရားသည် သူမေဓာ ရသေ့ဘ၀ ကနေစပြီး ပါရမီ
(၁၀)ပါးကိုဖြည့်ဆည်းလာခဲ့သည်။လေးသင်္ချေနဲ့ကမ္ဘာ
တစ်သိန်းကျော်လွန်ခဲ့ပြီးနောက် ဘုရားအလောင်းတော် သည် သုမေဓာအမည်ဖြင့်
အမရ၀တီ နေပြည်တော်တွင် သီလစင်ကြည်သော သူဌေးမျိုးနွယ်
မှမွေးဖွားလာခဲ့သည်။'အပူရှိရင် အအေးလည်းရှိမယ် ။ သေတာရှိရင် မသေတာရှိမယ်
'ဆိုတဲံ ဘ၀အပေါ်သုမေဓာ၏ လေးနက်သော အတွေးတွေနဲံ အတူ သူပိုင်ဆိုင်တဲ့
ဥစ္စာပစ္စည်း အားလူံးကို ပေးကမ်းစွန့်ကြဲပြီး ရသေ့ရဟန်းပြူကာ ဟိမ၀န္တာ
တောသို့် ထွက်ခွာလာခဲ့သည်။ ထုအချိန်တွင် ဒီပင်္ကရာမြတ်စွာ ဘုရားသည်
ရမ္မ၀တီပြည်သို့်ကြွလာချိန်ဖြစ်သည်နှင့်အညီ ပြည်သူပြည်သား များက
ဘု၇ားနှင့် တပည့်သာဝကာများ ကြွလာရာတွင် အဆင်ပြေစေရန် လမ်းပြုပြင်ကြချိန်
ဘုရားအလောင်းတော်နှင့် တပည့်သာဝကာများတို့၏ ခြေများ တွင် ရွံနွံမှာကာကွယ်
ရန်သုမေဓာ ရသေ့သည် သူ၏ ခန်ဓာကို်ယ် ကို လဲလျောင်း ကာတံတားအသွင်
ခင်းခဲ့သည်။ ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓာရှေ့မှောက် တွင် ရပ်ပြီး '
မိမိ၏ အသက်ကို စွန့်ပြီး တံတားအသွင်ခင်းပြီး လဲံလျောင်း နေသော ရသေ့ငယ်သည်
နောင်သောအခါတွင် ကျွန်ုပ် ကဲ့သို့ ဗုဓဘုရားးတစ်ဆူဖြစ်
လာလိမ့်မည်။ကြာပန်းငါးခက်ရသေ့အားလှူခဲ့သော သုမိတ္တာ မည်သည်
့အမျိုးသမီးငယ်သည် လည်း ၄င်းအားပါရမီဖြည့်ဖက်ဖြစ်လာလိမ့်မည် '
ဟုဗျာဒိတ်တော် ပေးတော်မူခဲ့သည် ။ အဲနောက်မှာ ၇ှုင်ရသေ့သည်
ပျံလွန်တော်မူပြီးနောက်တ်ွင် တုသိတာ နတ်ပြည်မှာ သေတကေသု
အမည်ရှိသောနတ်သားအဖြစ် ပြန်လည်မွေးဖွားခဲ့လေသည်။နောက်တော့
ဘုရားတစ်ဆူအဖြစ် လူ့ပြည်လူ့ဘူံတွင် မွေးဖွားရန်အချိန်တန်လာလေတော့
ကြည့်ခြင်းငါးမျိုးနဲ့ကြည့်တော်သူလေတယ်။

Friday, October 5, 2012

ဝင်းစိန်ဆရာတော်ကြီး၏ (၁၀) ကြိမ်မြောက် အဓိဌာန်ဆွမ်းဟင်းလောင်းလှူပွဲနှိုးဆော်ခြင်း

          မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာ အတောင် (၄၀၀) ပြည့် ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဇိနသုခရန်အောင်ချမ်းသာဘုရားကြီး၏ ဦးစီးနာယက သက်တော်ရှည်မွန်ဆရာတော် ၀င်းစိန်ဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇသဒ္ဒန္တကသရသည်ဆန်ရေစပါးပေါကြွယ်ဝပြီး မြို့ရွာအေးချမ်းသာယာတိုးတက်စေရန်ရည်ရွယ်ပြီး ဆွမ်းဟင်းဆွမ်းခြောက်လောင်းလှူပွဲကြီးကိုနှစ်စဉ်ကျင်းပခဲ့သည့်အစီအစဉ်အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အများပြည်သူများ အန္တရာယ်ကင်းဘေးရှင်းပြီး ကျန်းမာချမ်းသာကြစေရန်                       ဆုတောင်းလျက် တတ်နိုင်သလောက် လောင်းလှူကြရန် တိုက်တွန်းနှိုးဆော်အပ် ပါသည်။
၁။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၁)ရက်(၁-၁၀-၁၂)နံနက်(၇:၃၀)နာရီ                -ရိုးဂိုး၊ဖားအောက်
၂။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၂)ရက်(၂-၁၀-၁၂)နံနက်(၇:၃၀)နာရီ               -ကော့ခပို၊ဖားအောက်
၃။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၃)ရက်(၃-၁၀-၁၂)နံနက်(၇:၃၀)နာရီ               -သာယာကုန်း
၎။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၄)ရက်(၄-၁၀-၁၂)နံနက်(၇:၃၀)နာရီ               -တာပသွန်
၅။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၅)ရက်(၅-၁၀-၁၂)နံနက်(၇:၃၀)နာရီ                -ကွေ့ဝမ်း၊နိုင်ပြိုင်
၆။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၆)ရက်(၆-၁၀-၁၂)နံနက်(၇:၃၀)နာရီ             -မှိန်ဂနိမ်း၊မြိုင်ကုန်း
၇။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၇)ရက်(၇-၁၀-၁၂)နံနက်(၇:၃၀)နာရီ              -ဘဲရမ်း
၈။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၈၊၉)ရက်(၈၊၉-၁၀-၁၂)နံနက်(၇:၃၀)နာရီ       -မုဒုံ
၉။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၁၀)ရက်(၁၀-၁၀-၁၂)နံနက်(၇:၃၀)နာရီ         -၀က်တဲ။ညောင်ကုန်း
၁၀။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၁၁)ရက်(၁၁-၁၀-၁၂)နံနက်(၇:၃၀)နာရီ       -တံခွန်တိုင်
၁၁။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၁၂)ရက်(၁၂-၁၀-၁၂)နံနက်(၇:၃၀)နာရီ       -လက်တက်နိုင်လှုံ
၁၂။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၁၃)ရက်(၁၃-၁၀-၁၂)နံနက်(၇:၃၀)နာရီ       -ဂုံညင်းတန်း
၁၃။ ၁၃၇၄ ခုနှစ်၊တော်သလင်းလဆုတ်(၁၄)ရက်(၁၄-၁၀-၁၂)နံနက်(၇:၃၀)နာရီ       -ကမာဝက်
ဝင်းစိန်ဆရာတော်ကြီး ကိုယ်တိုင်ကြွချီပါမည်။ သံဃာအပါး (၁၅၀) ခန့်ရှိမည်။

Wednesday, October 3, 2012

မေတ္တာပို့ခြင်း၏အကျိုးကျေးဇူး


မေတ္တာပို့နေသူ မိမိမှာတော့ ငြိမ်းချမ်းတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပို့သောကြောင့် သင့်ရဲ့ ပြုံးရွှင်မှုကို ရပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

ကျွန်ုပ်ကဆဲမိလျှင် သင့်ရဲ့ ဆဲဆိုငြိုငြင်မှုသာ ပြန်ရမယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဆိုတာ အလျှားအနံ မရှိပေမဲ့ အသွားအပြန် ရှိနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

လောကကြီး ငြိမ်းချမ်းနေတာ မေတ္တာတရားကြောင့် ဖြစ်ပါတယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာပွားလို့ ဈာန်ရလျှင် ဗြဟ္မာ့ပြည်သွားနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်...

မေတ္တာဈာန်ကို အခြေခံလို့ ဝိပဿနာပွားနိုင်ရင် ဆင်းရဲငြိမ်းနိုင်တယ်...
ထို့ကြောင့် မေတ္တာပို့နေရပါတယ်.

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကမာဝက်ရွာ ကျိုက်ဇယ်စေတီ သီတင်းကျွတ် ဆီမီးပူဇော်ရန်ပြင်ဆင်နေမှု