Wednesday, October 17, 2012

ဗုဒ္ဓဘာသာတိုင်းသိသင့်သောဇောခုနစ်ချက်အကျိုးပြုပုံ



ကုသိုလ်၊အကုသိုလ်တစ်ခုခုပြုတိုင်းပြုတိုင်းဇောစိတ်ခုနစ်မျိုးအမြဲတမ်းဖြစ်သည်။ထိုဇောခုနစ်မျိုးတွင်ပထမဇောစေတနာကယခုဘ၀တွင်အကျိုးပေးသည်။ပထမဇောကယခုဘ၀မှာအကျိုးပေးခွင့်မကြုံလျှင်သတ္တမဇောကဒုတိယတဘ၀တွင်အကျိုးပေးသည်။




သတ္တမဇောဒုတိယဘ၀မှာအကျိုးပေးခွင့်မကြုံလျှင်အလယ်ဇော၅ချက်ကတတိယဘ၀မှစ၍နိဗ္ဗာန်ရသည့်ဘ၀တိုင်အောင်လိုက်၍အကျိုးပေးပါသည်။ကုသိုလ်၊အကုသိုလ်ပြုတိုင်းပြုတိုင်းထိုဇောခုနစ်ချက်ကအမြဲတမ်းဖြစ်ပေါ်နေသ ဖြင့်ဘ၀တစ်ခုခုတွင်အကျိုးပေးတော့မည်ကားဧကန်မုချပင်ဖြစ်သည်။အကျိုးမပေးဘဲအဟောသိကံဖြစ်သွားသောဇောစေတနာများရှိသော်လည်းနည်းပါးလှပါသည်။

ထိုဇောခုနစ်ချက်အကျိုးပေးပုံကိုမသိသဖြင့်အင်္ဂတိအမည်ရှိသောဘုရင်ကြီးတစ်ပါးမှာအယူမှားသောမိစ္ဆာဒိဌိဘ၀သို့သက်ဆင်းခဲ့ရဖူးပါသည်။

ထို့ကြောင့်ကျွန်ုပ်တို့ဗုဒ္ဓဘာသာတိုင်းသည်ဇောခုနစ်ချက်အကျိုးပေးပုံကိုသဘောပေါက်သည်အထိလေ့လာသင့်ပါသည်။

အမြဲမပြတ်အောင့်မေ့အပ်သောငါးရပ်ဒေသနာ

၁။ငါသည်ဆွေးမြေ့ယိုယွင်းအိုမင်းရလိမ့်ဦးမည်။ဆွေးမြေ့ယိုယွင်းအိုမင်းခြင်းသဘောကိုငါသည်မလွန်ဆန်နိုင်။
၂။ငါသည်နာဖျားရလိမ့်ဦးမည်။နာဖျားခြင်းသဘောကိုငါသည်မလွန်ဆန်နိုင်။
၃။ငါသည်သေရလိမ့်ဦးမည်။သေခြင်းသဘောတရားကိုငါသည်မလွန်ဆန်နိုင်
၎။ငါသည်ချစ်ခင်နှစ်သက်မြတ်နိုးအပ်သောမိဘများတကားမိတ်သင်္ဂဟများနှင့်ရှင်ကွဲကွဲခြင်း၊သေကွဲကွဲခြင်းဖြစ်ရလိမ့်ဦးမည်။ရှင်ကွဲကွဲခြင်း၊သေကွဲကွဲခြင်းသဘောတရားကိုငါသည်မလွန်ဆန်နိုင်။
၅။ငါသည်ငါပြုလုပ်ကြိုးကုတ်အားထုတ်ခဲ့သောမကောင်းမှုကံ၊ကောင်းမှုကံတို့၏စီမံဖန်တီးခြင်းကိုမလွဲသာမရှောင်သာခံရပေလိမ့်ဦးမည်။ကံစီမံရာခံရမည့်သဘောတရားကိုငါသည်မလွန်ဆန်နိုင်။
·         ဤကဲ့သို့အမြဲမပြတ်အောင့်မေ့အပ်သောသဘောတရားတို့ကိုရဟန်းရှင်လူမည်သူမဆိုနေ့ညမပြတ်သတိချပ်၍သူတော်ကောင်းတရားပွါးများအားထုတ်နိုင်ကြပါစေကုန်သတည်း။        


No comments:

Post a Comment