ဘုရားအလောင်းတော်သည် တုသိတာနတ်ပြည် မှစုတေခဲ့ပြီး သုဒေါဓနမင်းကြီး၏ မိဖုရားခေါင်ကြီးဖြစ်သော မဟာမာယာဒေ၀ီမိဖု၇ားကြီး၏ ၀မ်းတွင်း၌ ၀ါဆိုလပြည့်နေ့ ကြာသပတေးနေ့ သက္ကရာဇ် ၆၇ ခုနှစ် (ဘီစီ ၆၂၄) တွင် ပဋိတည်တော်မူခဲ့သည်။
မဟာသက္ကရာဇ် ၆၈၇ခုနှစ် ကဆုန်လပြည့်နေ့ သောကြာနေတွင် လုဗိနီဥယျာဉ်အင်ကြင်းတော၌ မွေးဖွားခဲ့သည်။ အမည် ခေါ်တွင် အရာခပ်သိမ်းကို ပြီးငြိမ်းစေတတ်ခြင်းမည်သည့် ' သိဒ္ဓတ္ထကုမာရ'မည်၏။အိမ်တွင်ခေါ်တာက 'ဂေါတမ'မည်၏။
အင်ကြင်းဥယျာဉ်ဟာ ယခု ဒေ၀ဒဟပြည်နှင့်ကပိလ၀တ်ပြည် အကြား အိန္ဒိယနယ်ပယ်လက်ရှိ နီပေါနိုင်ငံတွင်တည်ရှိသည်။
ဘုရားအလောင်းတော်ဟာ မွေးဖွားပြီး သည့်နောက်ရဲရင့်သော စကားကြီး (၃)ခွန်းကို ခြေတော် ၇ လှမ်းလှမ်းပြီး ကြုံးဝါးခဲ့တာက
.ငါသည်လောကတွင် အမြတ်ဆုံးဖြစ်၏။
.ငါသည် လောကတွင် အကြီးအကဲဖြစ်၏။
.ငါသည် လောကတွင် အချီးမွမ်းအပ်ဆုံးဖြစ်၏။
အဲလိုစကားကြီး ၃ ခွန်းကိုပြောဖို့ခြေလှမ်းတွေလှမ်းတိုင်းမှာ အင်ကြင်းပန်းတွေ တစ်ပွင့်စီပွင့်လျက်ရှိသည်။
ဘုရားလောင်းနဲ့အတူဖွားဖက်တော် ၇ ဦး တွေက
၁။ဒေ၀ဒဟပြည်ကို အစိုးရသောမင်းကြီး၏ သမီးတော် ဘဒ္ဒကစ္စာဖွားမြင်သည်။
၂။မင်းကြီး၏ညီတော် အမိတောဒနတွင်သားတော် အာနဒ္ဒာ ဖွားမြင်သည်။
၃။ မဟာဗောဓိပင်ကားမဇ္ဈိမ ဒေသ ဥရုဝေလတောတွင် ဗဟိုအချက်အချာအရပ်၌ ပေါက်ခဲံသည်။
၎။ရွှေအိုးကြီးလေးအိုးတို့သည် ကပိလ၀တ်နေပြည်တော် ရွှေနန်းတော် အလယ်ပရ၀ဏ်အတွင်း၌ ပေါ်ပေါက်ခဲ့သည် ။
၅။ ဆန္ဒ အမတ်
၆။ကာဠ ဒါယီ အမတ်
၇။ကဏ္ဍကမြင်းတော်
No comments:
Post a Comment