ဗြဟ္မဏတို့၏ သွေးထိုးလှုံ့ဆော်မှုဖြင့်တစ်မြို့လုံး ဗုဒ္ဒဆင်းထုတော်များကို စွန့်ပစ်ဖျက်ဆီးကြရန်နှင့်ကိုးကွယ်ဆည်းကပ်ခြင်းကို တွေ့ရှိပါကသေဒဏ်အထိပေးမည်ဖြစ်ကြောင်းကို မောင်းကြေးနင်းခတ်ထားသော အချိန်လည်းဖြစ်ပေသည်။တလထော်အမည်ရှိသောမွန်မလေးတစ်ယောက်အခြွေအရံနှင့်အတူ မြစ်အတွင်းရေချိုးဆင်းလျက်ရှိစဉ်၊မြစ်ရေအလိုက်မျောပါလာသောရွှေရောင်တ၀င်းဝင်းနှင့် ဗုဒ္ဒဆင်းထုတော်များကားဟိုတစ်ဆူဒီတစ်ဆူနှင့် များပြားစွာရှိလှတော့သည်။
တရားသခင်မဟုအဓိပ္ပာယ်ရသော တလထော်ကား သရဏဂုံသုံးပါးကို အသက်ပေးယုံကြည်သူဖြစ်သည်နှင့်အညီ အခြွေအရံများကြောက်လန့်တကြား တားနေသည့်ကြားမှပင်
ဆင်းတုတော်များကို မိမ်ကိုယ်တိုင်လည်းဆယ်၍အဖော်များကိုလည်း လိုက်ဆယ်ခိုင်းလေသည်။ ဆင်းတုတော်အားလုံးကို ရိုရိုသေသေရေသပ္ပာယ်ပြီးလျှင်အမွှေးနံ့သာများပက်ဖြန်း၍အိမ်ဝိုင်းအတွင်း ကျောင်းဆောက်လုပ်ကာ ကိုးကွယ်ထားလိုက်ပါတော့သည်။
ထိုသတင်းကိုဘုရင်ကြားသောအခါ တလထော်ကိုဆင်နှင့် နင်းသတ်ရန်အမိန့်ချမှတ်လိုက်သည်။ အထောက်တော်တို့၏ သတင်းပေးချက်ဖြင့်နောက်တစ်နေ့မနက်၌ပင်တလထော်ကားနန်းရင်ပြင်တွင် ဆင်နင်း၍အသတ်ခံရန်အဆင်သင့်ဖြစ်နေလေပြီ။
တလထော်၏စိတ်အစဉ်တွင် သရဏဂုံသုံးပါးကိုသာယုံယုံကြည်ကြည် ရွတ်ဖတ်နေလိုက်သည်။
တလထော်ကိုနင်းရန်ပြင်နေသောဆင်သည်တစ်စုံတစ်ယောက်ကဆွဲပြီးပစ်လိုက်သကဲ့သို့ ကြောက်လန့်တကြားအော်ဟစ်ပြီး နောက်သို့ တရကြမ်းပြန်လှည့်ပြေးပါတော့သည်။ဤသို့ဖြင့်နင်းသတ်ရန်ခိုင်းသောဆင်များအားလုံးသာကုန်သွားသည် နင်းသတ်ရဲသောဆင်တစ်ကောင်မျှမရှိသရဏဂုံအစွမ်းကြောင့်ဆင်မနင်းရဲသည်ကိုမသိကြသောဗြဟ္မဏတို့ကတလထော်ကို မီးရှို့သတ်ရန်လျှောက်တင်ကြပြန်သောကြောင့်အထပ်ထပ်ဆင့်ပြီးထားသော လောင်စာထင်းတုံးများအလယ်တွင်တလထော်တစ်ယောက် ရောက်နေရပြန်ပြီ။တဟုန်းဟုန်းလောင်ကျွမ်းနေသောမီးတောက်များကြားတွင် သရဏဂုံ၏သမီးပျိုကားလန်းဆန်းလျက်ပင် လောင်စာထင်းများ ပြာကျသွားသော်လည်း တလထော်၏ မွေးညင်းတစ်ပင်ကိုမျှ မီးမလောင်ခဲ့ချေ။ တိဿမင်းလဲနောက်ဆုံးအနေဖြင့် မြေဖို့သတ်ရန် ကျင်းထဲရောက်နေသောတလထော်ထံသို့သွားကာ“အံ့ဖွယ်မိန်းမပျို၊သရဏဂုံသုံးပါးအပေါ်သင်၏အားထားယုံကြည်ချက်ကား အံ့ဖွယ်ရှိလေစွ။သင့်ကိုအခွင့်အရေးတစ်ခုပေးပါအံ့။သင်ကိုးကွယ်ထားသောဗုဒ္ဒဆင်းထုတော်များကိုကောင်းကင်ခရီးကနေ ငါ၏နန်းတော်ထဲကြွလာအောင်ပင့်နိုင်ရင်သင့်အသက်ကိုချမ်းသာပေးမယ်၊ငါလည်းဗုဒ္ဒအယူကို ပြန်ယူပါ့မယ်”
ဘုရင်၏စကားဆုံးသည်နှင့်ချီထားသောလက်အုပ်လေးကိုနဖူးပေါ်တင်ကာတလထော်တစ်ယောက်ဗုဒ္ဒဆင်းတုတော်များကို သစ္စာပြု၍ပင့်လေသည်။ “အတုမဲ့ငြိမ်းအေးရာဘုန်းတော်ကြီးသောမြတ်စွာဘုရား၊ဘုရားတပည့်တော်မသည် အရှင်မြတ်ကိုယ်စားရုပ်ပွားဆင်းတုတော်များကို ကောက်ယူဆေးကြော၍ပင်ကိုးကွယ်ပူဇော်ခဲ့ပါသည်။ဤမှန်သောသစ္စာကိုဆိုရခြင်းကြောင့် အရှင်မြတ်ကိုယ်စား ရုပ်ပွားတော်ရှစ်ဆူတို့သည် တိဿဘုရင်နန်းရင်ပြင်ပေါ်၌ကောင်းကင်ထက်မှ ကြွလာစံပယ် တည်နေတော်မူလှည့်ကြပါစေသား အရှင်ဘုရား”
တလတေယ်၏သစ္စာစကားဆုံးသည်နှင့် ဗုဒ္ဒဆင်းတုတော်များက ကောင်းကင်ခရီးမှ ဈာန်ယာဉ်စီးကာအသင့်ပြင်ဆင်ထားသောတိဿဘုရင်၏နန်းတော်တွင်္င်္င်းသို့ကြွလာကြလေပြီ။ဘုရင်နှင့်တကွတစ်မြို့လုံးဗုဒ္ဒဘာသာပြန်ဖြစ်ကြရသည်သာမက ယခုမြန်မာတစ်မျိုးသားလုံးဗုဒ္ဒဘာသာကိုးကွယ်ခွင့်ရကြသည်ကားထိုအချိန်က သရဏဂုံသမီးပျို၏ စွမ်းဆောင်ချက်ကြောင့်ပင်ဖြစ်ပါတော့သည်။သရဏဂုံသုံးပါးသည် ဘေးမှန်သမျှ ဒုက္ခမှန်ုသမျှ ကင်းလွှတ်စေသည်။ သရဏဂုံသုံးပါးသည် အမြတ်ဆုံးတရားလဲဖြစ်သည်။
No comments:
Post a Comment