Monday, October 15, 2012

ဗုဒ္ဓအမှာ

" အကြင်သူသည် မြတ်ဗုဒ္ဓကိုလည်းကောင်း၊
တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကို
လည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသို့
ဆည်းကပ်သူသည် -
- ဆင်းရဲအမှန် ( ဒုက္ခသစ္စာ)၊
- ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
- ဆင်းရဲငြိမ်းရာအမှန်နိဗ္ဗာန်( နိရောဓသစ္စာ)
- ဆင်းရဲငြိမ်းခြင်း(နိဗ္ဗာန်)သို့ရောက်ကြောင်းအမှန်
(မဂ္ဂသစ္စာ)ဟူသော အရိယသစ္စာ လေးပါးတို့ကို မဂ်ပညာဖြင့်
ကောင်းစွာသိမြင်နိုင်၏။ "

ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မပ္ပညာယ ပဿတိ။

ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ။
အရိယံ အဋ္ဌင်္ဂတံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။

- ဗုဒ္ဓ ( ဓမ္မပဒ ဂါထာ ၁၉၀-၁၉၁)

No comments:

Post a Comment