Thursday, October 11, 2012

ပါရမီဆယ်ပါး

               ဘုရားဖြစ်အောင် ဘုရားဆုတောင်းတဲ့လူတွေ လုပ်ရတဲ့ လုပ်ငန်းကြီးတွေဟာ ဆယ်ခုရှိပါတယ်။ အဲ့ဒီလုပ်ငန်းကြီးတွေကို ပါဠိလို ပါရမီလို့ခေါ်တယ်။ ပါရမီဆိုတာဟာဘုရားဖြစ်အောင်လုပ်ရတဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပါရမီဆယ်ပါးကတော့-
(၁) မိမိရဲ့ ပစ္စည်းဥစ္စာ၊သားသမီး၊ မယားမှ စပြီး မိမိအသက်အထိ ရက်ရက်ရောရော ပေးကမ်းစွန့်ကြဲခြင်း
      ဆိုတဲ့ ဒါနပါရမီ။

(၂) ကိုယ်နှင့် နှုတ်ကို အမှားမလုပ်မိ၊မပြောမိအောင် အထူးစောင့်ထိန်းခြင်းဆိုတဲ့ သီလပါရမီ။

(၃) ကာမဂုဏ်တွေကို စွန့်လွှတ်ခြင်းဆိုတဲ့ နိက္ခမပါရမီ။

(၄) သတ္တ၀ါတွေ ချမ်းသာစေနိုင်တဲ့ ပညာရပ်များကို ဆည်းပူးပြီး သတ္တ၀ါတွေချမ်းသာအောင်

       ပြုလုပ်ပေးခြင်းဆိုတဲ့ ပညာပါရမီ။

(၅) သတ္တ၀ါတွေချမ်းသာရေးအတွက် အလွန်အမင်း အပြင်းအထန်ကြိုးစား အားထုတ်ခြင်းဆိုတဲ့ ၀ီရိယပါရမီ။

(၆) နေရာတကာတိုင်းတွင် အထူးသည်းခံခြင်းဆိုတဲ့ ခန္တီပါရမီ။

(၇) အသက်ပင် သေရစေကာမူ ပဓာနမပြုဘဲ၊ ပေးထားတဲ့ ကတိတို့ကို တည်စေခြင်းဆိုတဲ့ သစ္စာပါရမီ၊

(၈) ကိစ္စတစ်ခုကို ဆောင်ရွက်မည်ဟု အဓိဌာန်ပြုပြီးသည့်အခါ အသက်သေရစေကာမူ ပဓာနမထားဘဲ
      ဆောင်ရွက်ခြင်းဆိုတဲ့ အဓိဌာန်ပါရမီ။

(၉) အယုတ်၊အလတ်၊အမြတ်မရွေးဘဲ သတ္တ၀ါအားလုံးအပေါ်မှာချစ်ကြည်သော စိတ်ကိုထားရှိခြင်းဆိုတဲ့  
      မေတ္တာပါရမီ။

(၁၀) မိမိအလိုဆန္ဒပြည့်ဝသည့် အခါများ၌လည်းကောင်း၊ မပြည့်ဝသည့်အခါများ၌လည်းကောင်း ၊စိတ်တက်
         ကြွခြင်း၊စိတ်နိမ့်ကျခြင်းမရှိရအောင် မိမိကိုယ်ကိုမိမိထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ဥပေက္ခာပါရမီ
         ဆိုတဲ့ ပါရမီဆယ်ပါးပင် ဖြစ်ပါတယ်။

No comments:

Post a Comment