Sunday, October 7, 2012

သရဏဂုံ အကျိုး

"ဘေးအမျိုးမျိုးကို၊ ကြောက်လန့်မှုအမျိုးမျိုးကို၊ ကိုယ်ဆင်းရဲစိတ်ဆင်းရဲ
အမျိုးမျိုးကို၊ အပါယ်လေးပါးဘေးကို၊ စိတ်ညစ်ညူးခြင်းကို
ပယ်ဖျောက်ပေးတတ်သောကြောင့် သရဏဂုံမည်၏" ဟူ၍ မူလ ပဏာ`ဏ သ အဋ္ဌကထာ အရ
သိမှတ်ရပါသည်။ ဤဖွင့်ဆိုချက်အရ သရဏဂုံတည်သူ တစ်ယောက်အနေဖြင့်
ယခုပစ္စက္ခဘ၀ရော၊ နောင်သံသရာအတွက်ပါ ဘာတစ်ခုမျှ ပူပန်စရာ မရှိတော့ပါ။
တခြားအားကိုးစရာလည်း ရှာရန် မလိုအပ်တော့ပါ။ သို့သော် ယခုခေတ် ဗုဒ`ဓ
ဘာသာအများစုမှာ ဘုရား၊ တရား၊ သံဃာ မှတစ်ပါး တခြားအားကိုးစရာများ
အပြိုင်အဆိုင် ရှာဖွေကိုးကွယ်နေကြသည်ကို ၀မ်းနည်းဖွယ်ရာ
မြင်တွေ့နေရပါသည်။ ရတနာသုံးပါးမှတစ်ပါး အခြားအားကိုးရာကို
ရှာဖွေပြီဆိုသည်နှင့် တပြိုင်နက် ထိုသူအတွက် သရဏဂုံပျက်ရန် နီးစပ်ပါသည်။
ယခုခေတ် နတ်များကို ပူဇော်ပသ ရှိခိုးကြရာ၌ ဘုရားစသော ရတနာမြတ်သုံးပါးကို
ပစ်ပယ်ပြီး နတ်များကိုသာ မြတ်သောပုဂ္ဂိုလ်အဖြစ်ဖြင့် ပူဇော်ပသ
ရှိခိုးကြရာ၌ ဘုရားစသော ရတနာမြတ်သုံးပါးကို ပစ်ပယ်ပြီး နတ်များကိုသာ
မြတ်သောပုဂ္ဂိုလ် အဖြစ်ဖြင့် ပူဇော်ပသ ရှိခိုးကြလျှင် သရဏဂုံ ပျက်၏။
ဘုရားစသော ရတနာမြတ်သုံးပါးကို မပစ်ပယ်ဘဲ လောကကြီးပွါးကြောင်း အဖြစ်
ပူဇော်ပသ ရှိခိုးကြရာ ၌ကား သရဏဂုံ မပျက်နိုင်ပါ။
သရဏဂုံ တည်ခြင်းအကျိုး (၈) မျိုး ရှိပါတယ်။
၁။ ဖြစ်လေရာ ဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။
၂။ ထက်မြက်သော ဥာဏ်ပညာရှိခြင်း။
၃။ လူအများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
၎။ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
၅။ ရွှေအဆင်းနှင့်တူသော ကိုယ်ကာယရှိခြင်း။
၆။ အများနှစ်သက်ကြည်ညို မှုကို ခံရခြင်း။
၇။ မိတ်ဆွေ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ရခြင်း။
၈။ ကျော်စောထင်ရှားခြင်း။ စတဲ့ အကျိုးတွေပဲ ဖြစ်ပါတယ်။
သရဏဂုံ၌ပါသော သရဏ သဒ္ဒါသည် စဉ်းစားတွေးတောခြင်း၊ ကြံစည်အောက်မေ့ခြင်း၊
သတိရခြင်း အနက်ကို ဟောသည်။ လောက၌ စဉ်းစားတွေးတောစရာ၊ ကြံစည်အောက်မေ့စရာ၊
သတိရစရာ မဆုံးနိုင်အောင်ရှိရာတွင် သရဏဂုံ သုံးပါး သည်သာလျှင်
တကယ့်စဉ်းစားတွေးတောစရာ၊ တကယ့်ကြံစည်အောက်မေ့စရာ၊ တကယ့်ကို
အမြဲတမ်းသတိရနေရမယ့် အရာအစစ်ဖြစ်လေသည်။

No comments:

Post a Comment