မြတ်ဗုဒ္ဓလွန်ပြီးနောက် နှစ်(၂၀ဝ)ကျော်ကာလ ခရစ်မပေါ်မီ
နှစ်(၃၀ဝ)ခန့်ကာလတွင် ဇမ္ဗူဒီပတစ်ခုလုံး၏ ဧကရဇ်မင်းကြီး
အသောက ပေါ်ပေါက်ခဲ့သည်။ ထိုဇမ္ဗူဒီပါ၏ ဧကရဇ်မင်းကြီး
အသောကသည် မြတ်ဗုဒ္ဓ၏ ထိုသဘောထားကြီးခြင်း၊
ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းဟူသောဝါဒကို လိုက်နာ
ကျင့်သုံးရာ၌ စံနမူနာယူထိုက်သည့် မင်းကြီးတစ်ပါးဖြစ်သည်။
သူသည် အလွန်ကျယ်ပြန့်သော သူ၏ဓမ္မနိုင်ငံတော်ကြီး၌
ထင်ရှားတည်ရှိ၍နေကြကုန်သော အခြားအခြားသော ဟိန္ဒူဘာသာ ,
ဂျိန်းဘာသာ ,ဗြဟ္မဏဘာသာ , နတ်ကိုးကွယ် သည့်ဘာသာ
အစရှိသော ဘာသာတရားအားလုံးတို့ကို လွတ်လပ်စွာ
ကိုးကွယ်ခွင့်နှင့် သူကိုယ်တိုင်ဂုဏ်ပြု၍ အရိုအသေပြုခြင်း၊
လေးအမြတ်ပြုခြင်း၊ ထောက်ပံ့အားပေးခြင်းတို့ကို ပြုလုပ်
ခဲ့လေသည်။
သူ၏ဓမ္မနိုင်ငံတော်၌ ဘာသာရေးပဋိပက္ခမရှိ၊ မတူ ထူးခြားသော
ဘာသာဝင်အားလုံးတို့ ချစ်ခင်ပျော်ရွှင်စွာ ပူးတွဲ နေထိုင်ကြသည်မှာ
မြတ်ဗုဒ္ဓ၏ ခန္တီဝါဒ , အဟိံသဝါဒပေါ်၌ အသောကချမှတ်ထားသော
Common ground-ပေါ်မှာ လက်တွဲရပ်တည်၍ နေနိုင်ကြ
သောကြောင့်ဖြစ်၏။
အသောကသည် အနောက်ဖက်တွင် ဂရိ၊ မြောက်ဖက်တွင် ရုရှားနှင့်
ဟိမဝန္တာတစ်လျှောက်၊ အရှေ့ဖက်တွင်- ဘင်္ဂလားပင်လယ်အော်၊
တောင်ဘက်တွင်- အိန္ဒိယသမုဒ္ဒရာ၊ သူ၏ ဩဇာလွှမ်းမိုးထားသမျှ
ကျယ်ပြန့်စွာသော နယ်မြေကြီး တစ်ခွင်လုံး၌ အယူဝါဒနှင့် အမျိုး
ဇာတ်မတူကြသည့် လူသားပေါင်းများစွာတို့ လက်တွဲနေထိုင်ကြရန်
ခန္တီ , သစ္စာ , အဟိံသာ(မညှင်းဆဲခြင်း) ဟူသော Common ground-ကို
မည်ကဲ့သို့ ချမှတ်ခဲ့သည် ဆိုသည်တို့ကို သူ၏ကျောက်စာပေါင်းေ
မြောက်များစွာတို့၌ တွေ့ရှိရသည်။
" ကျွန်ုပ်တို့ရှေ့တွင်ဖော်ပြခဲ့သော ဗုဒ္ဓ၏ ဥပသကာ
ကောင်းဖြစ်တော်မူကြသော ဗုဒ္ဓသာသနာပြုမင်းကောင်း၊
မင်းမြတ် အသောကမင်းကြီး၏ အဆုံးအမ
လမ်းညွှန်ချက်ကို နောက်နောင်သော ဗုဒ္ဓသာသာနာ
ပြုမင်းတို့သည် အစဉ်အဆက်ခံယူလိုက်နာကျင့်သုံးကြ
ကုန်၍ နှစ်ပေါင်း-(၂၅၀ဝ)ခရီး ဗုဒ္ဓဘာသာ သမိုင်း
တစ်လျှောက် ဗုဒ္ဓသာသနာပြုမင်းနှင့် သာသနာပြု
ပုဂ္ဂိုလ်တို့က အခြားဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဝင်
အဖြစ်သို့ အတင်းအကြပ် အနိုင်အထက်ပြု၍
ပြောင်းလဲခြင်းကြောင့် ကမ္ဘာမြေကြီးပေါ်၌ သွေး
တစ်စက်တစ်ပေါက် ထိစွန်းခဲ့ဖူးသည့် ဖြစ်ရပ်မျိုး
လုံးဝမရှိခဲ့ဘူးချေ။ "
" မှားယွင်းသောအတွေး မကောင်းသောအပြော
မကောင်းသောအလုပ် တစ်ခုခုကြောင့် ဆူပူ
သောင်းကြမ်း ခြင်း၊ ရမ်းကားခြင်း၊ နှိပ်စက်ခြင်း
ဖြစ်လာလျှင် ထိုအမှုမျိုးသည် မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မနှင့်
လုံးလုံးဆန့်ကျင်သည်သာဖြစ်၏။ "- သီတဂူ အရှင်ကောဝိဒသိရီ
No comments:
Post a Comment